Myanmar Writers and Journalists Association
စာပေစာနယ်ဇင်း အဖွဲ့ ကြီးမှသည် ……. အနာဂတ်ခရီးဆီသို့ 
ကျွန်တော်သည် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကြီး၏ စတုတ္ထအကြိမ် ညီလာခံသက်တမ်းတွင် တွဲဖက်အတွင်းရေးမှူး -၂ တာဝန်စထမ်းဆောင်ခဲ့သည်။ ကျွန်တော်   နှင့်အတူ စာနယ်ဇင်းလောကမှ ဆရာဦးမြတ်ခိုင်၊ ဆရာဒေါက်တာ သာထွန်းဦး၊ ဆရာမောင်ဟေမာ၊ ဆရာခင်မောင်ညို (ဘောဂဗေဒ)၊ ဆရာဇန်ဇန်၊ ဆရာဟိန်းလတ် စသည်တို့လည်း ပြုပြင် ဖွဲ့စည်းလိုက်သည့် စာပေစာနယ်ဇင်း အမှုဆောင် အသစ်တွင်ပါလာကြသည်။  မှတ်မှတ်ရရပင် အမှုဆောင် အသစ်အစမှာ အရင်ဆုံးစလုပ်ဖြစ် သည်က စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဝင်ဆရာ ဆရာမများ၏ ဆယ်တန်းအောင် သားသမီးများကို ပညာရည် ချွန်ဆုပေးပွဲဖြစ်သည်။ ရန်ပုံငွေ သိပ်မတောင့်တင်း လှသော အဖွဲ့ကြီးတွင် ထိုပွဲအတွက် လိုအပ်သော ရန်ပုံငွေ ရရှိရေး အားလုံး သိုင်းကြဝိုင်းကြရ ပြန်သည်။ အဲဒီနောက် ပြည်တွင်း သတင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံသတင်းစာ သင်တန်းများ၊ အဆင့်မြင့် သတင်းစာသင်တန်းများကို ဆက်တိုက်ဖွင့်ပေးနိုင်ခဲ့ သည်။ ဘယ်လိုမှ မျှော်လင့်မထား နိုင်သော သတင်းစာသင်တန်း များ   ဖြစ်သည်။ ဘယ်လိုမှ မျှော်လင့်မ ထားနိုင်သော အမေရိကန်သတင်း စာဆရာ ဒေါက်ကော့စပါ အပါအဝင် နိုင်ငံခြားသတင်းစာ ဆရာများကို ဖိတ်ခေါ်သင်ကြားပေးနိုင် ခဲ့ခြင်း ဖြစ်သည်။ ဘယ်လိုမှ မျှော်လင့်မ ထားနိုင်သော  ပြည်ပ အင်န်ဂျီအို အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ် ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွေမှာ အကြိတ် အနယ်ဆွေးနွေးလိုက်၊ မတူတာတွေ ငြင်းခုံလိုက်နှင့် စတုတ္ထသက်တမ်းက ခဏကလေးကုန်သွားသည်။ စိတ်အရမ်းညစ်ခဲ့သည့် အချိန်တွေမှာ ဒီ အလုပ်လုပ်မိတာ မှားပြီ လားတွေးမိရင်း ထွက်ချင် စိတ်ပေါ်လာသော်လည်း တစ်နှစ်တစ်ခါလုပ်သည့် သက်ကြီး စာပေပညာရှင်ကြီးများ ကန်တော့ပွဲကို အနီးကပ်လုပ်ပေးခွင့် ရရှိချိန်မှာ ခံစား ရသည့် ကြည်နူးပီ တိတွေက ထိုစိတ်ညစ်၊ စိတ်ကုန်ခဲ့ ခြင်းများကို လွှမ်းမိုးသွားစေခဲ့ပါ သည်။ သည်လိုနှင့် ပဉ္စမအကြိမ်သက် တမ်းမှာ အတွင်းရေးမှူးတာဝန်ကို တိုးယူ ရသည်။ တရုတ်ပြည်သွား တုန်းက ပလက်ဖောင်းတွေပေါ်မှာ မြင်ခဲ့ရသည့် သတင်းစာနှင့် စာနယ်ဇင်း ဆိုင်ကလေးတွေလို ဆိုင်ကလေး တွေဖွင့်ချင်သည်။ သို့နှင့် မီဒီယာ ကော်နာဆိုင်ကလေးများကို ဖွင့်လှစ် နိုင်ခဲ့သည်။ မည်သို့ဆိုစေ ကျွန်တော်တို့သည် အဖွဲ့ကြီး၏ ရည်မှန်းချက်များကို နိုင်သလောက်ပေါက်မြောက် အောင်   ဆောင်ရွက်နိုင်ခဲ့ကြရင်း ခေတ်စနစ်က ပြောင်းသွားသည်။ လွှတ်တော်တွေ ပေါ်လာသည်။ ဒီမို ကရေစီအစိုးရသစ်တက်လာသည်။ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပြောင်းလဲ ဖွဲ့စည်းလာကြသည်။ ထိုအချိန်မှာ ကျွန်တော်တို့ သည်လည်း မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီး၏ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်များစသည်တို့ကို ပြန်လည် သုံးသပ်ကြသည်။ လစဉ် ပြုလုပ်သော အလုပ်အမှုဆောင် (အီးစီ) အစည်းအဝေးမှာ ဆွေးနွေးကြ သည်။ ငြင်းခုံကြသည်။ တိုင်ပင်ကြသည်။ လပတ်အစည်းအဝေး လေး ကြိမ်၊ အထူးအစည်းအဝေး သုံးကြိမ် မှာ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ကြီးကို ပြောင်းလဲ လာသော ခေတ်စနစ်နှင့် အညီ ပြုပြင်ဖွဲ့စည်းဖို့ သဘောတူကြသည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာ နိုင်ငံပုံနှိပ်၊ ထုတ်ဝေ၊ ဖြန့်ချိသူများ အသင်း ဆိုပြီး အသင်းသုံးသင်းကို သီးခြားသင်းဖွဲ့စည်းမျဉ်းများဖြင့် ထူ ထောင်ရန် ဆုံးဖြတ်နိုင်ခဲ့ကြသည်။ သင်းဖွဲ့စည်းမျဉ်းရေးဆွဲရေး အဖွဲ့များကို ဖွဲ့သည်။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ သင်းဖွဲ့ စည်းမျဉ်းနှင့်အညီ အရေးပေါ် ညီလာခံ တစ်ရပ်ခေါ်ပြီး အတည်ပြုရ မည်။ အရေးပေါ်ညီလာခံသို့ အသင်းလိုက် သင်းဖွဲ့စည်းမျဉ်းမူကြမ်းများ အချိန်မီတင်ရေး လုပ်ကြရ သည်။  မတ် ၂၄ ရက်နေ့တွင် ပြုလုပ် မည့် အရေးပေါ်ညီလာခံကအတည် ပြုလျှင် မြန်မာနိုင်ငံစာရေး ဆရာအသင်းနှင့်မြန်မာနိုင်ငံ သတင်းစာ ဆရာ  အသင်းတို့ကို သင်းဖွဲ့စည်းမျဉ်းအ သစ်များနှင့်အညီ ဒီမိုကရေစီနည်း ကျကျ ရွေးချယ်တင်မြှောက်ဖွဲ့စည်း ကြရမည်ဖြစ်သည်။ ပုံနှိပ်၊ ထုတ်ဝေ၊ ဖြန့်ချိအသင်း ကတော့ ရှိပြီးသား ပုံ နှိပ်ထုတ်ဝေ လုပ်ငန်းရှင်အသင်းကို အခြေခံကာ ပူးပေါင်းတိုးချဲ့ပြောင်း လဲဖွဲ့စည်းကြမည်ဟု သိရသည်။  ဒီမိုကရေစီလူ့အဖွဲ့အစည်းနှင့် လိုက်လျော ညီထွေဖြစ်စေမည့်အရပ် ဘက်ဆိုင်ရာ အဖွဲ့အစည်းများအဖြစ် ထိုအသင်းကြီးများ ပေါ်ထွန်းလာရေး  အတွက် ဖြစ်မြောက်ရေးကော်မတီ များက ဆက်လက် ကြိုးပမ်း   ဆောင် ရွက်ကြရဦးမည်။ အတိတ်ကား ကျန်ခဲ့ပြီ။ အနာဂတ်သို့ ကျွန်တော်တို့ ခရီးဆက်နေသည်။ လှပသော အနာဂတ်များဖြစ်ဖို့ ကျွန်တော်တို့ အားလုံးတွင် တာဝန် ရှိနေပါသည်။
ကိုကို(စက်မှုတက္ကသိုလ်)
အတွင်းရေးမှူး
မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ပြောကြားသည့် မိန့်ခွန်း(ကောက်နှုတ်ချက်)
မြန်မာနိုင်ငံစာပေ နှင့်စာနယ်ဇင်းအဖွဲ့ကြီးဟာ ယခင်က မြန်မာနိုင်ငံ စာပေလုပ်သား အဖွဲ့ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ နိုင်ငံ့အကျိုး၊ တိုင်းသူပြည်သားများ အကျိုးကို ကလောင်နဲ့စွမ်းဆောင်ကြသူများရဲ့ အဖွဲ့အစည်းကြီးပဲဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးမှာ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကျမ်း စသည်တို့ကို ရေးသားဖွဲ့ဆိုပြုစုကြတဲ့ စာရေးဆရာများ၊ သတင်းထောက်၊ သတင်းအယ်ဒီတာ၊ ဓာတ်ပုံသတင်းထောက်၊ ကာတွန်းဆရာစသည်တို့ ပါရှိတဲ့ သတင်းစာဆရာများ၊ စာအုပ်စာစောင် အမျိုးမျိုးကို ပုံနှိပ်ထုတ်ဝေဖြန့်ချိနေကြတဲ့ ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူများ စသည်ဖြင့် အလွှာအသီးသီး ပါရှိပါတယ်။ အဲဒီနယ်ပယ်သုံးရပ်က စာပေလောကသားတွေ  မိမိတို့ နယ်ပယ်အလိုက် စုစုစည်းစည်း၊ ထက်ထက်မြက်မြက်၊ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေ ဖို့ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်း စာဆရာအသင်း နဲ့ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများအသင်းရယ်လို့ အသင်း(၃)သင်းကို ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ညီလာခံရဲ့ သဘောထားကို ရယူမယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြောင်းလဲဖွဲ့စည်းသွားမယ့် သက်ဆိုင်ရာနယ်ပယ်အလိုက် အသင်းများမှ တစ်ဆင့် အနာဂတ်မှာ ပိုမိုစနစ်ကျသော၊ ပိုမိုအင်အား ကောင်းမွန်သော မီဒီယာဖက် ဒရေးရှင်း ကြီးတစ်ခု  ဒါမှမဟုတ် အသင်းချုပ်ကြီးတစ်ခုကို ပူးပေါင်း အကောင်အထည်ဖော်ရပ်တည် နိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကနဦးအဆင့်မှာ အခြေခံ ခိုင်မာတောင့်တင်းသော အသင်းများ ပေါ်ပေါက်လာရေးအတွက် စည်းစနစ်ကျနသော ဖွဲ့စည်းပုံ၊ အခြေခံစည်းမျဉ်း လုပ်ထုံးလုပ် နည်းများ ရေးဆွဲအတည်ပြုနိုင်ရေး၊ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ဖွဲ့စည်းသွားနိုင်ရေးတို့ဟာ အရေးကြီးသော လုပ်ငန်းစဉ်များ ဖြစ်ကြောင်း မှာကြားလိုပါတယ်။
ယခုလိုပြောင်းလဲလာတဲ့ ခေတ်စနစ်များနဲ့အညီ အသင်းအဖွဲ့တွေကို ဖွဲ့စည်းခွင့်ရှိ လာချိန်မှာ  အတိတ်ကသမိုင်းသင်ခန်းစာတွေကိုလည်း ပြန်လည် ကြည့်ရှုသုံးသပ် မိကြဖို့ လိုအပ် မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့တစ်တွေ အနာဂတ်မှာ ဘာတွေဆောင်ရွက်ကြမယ်ဆိုတာ စဉ်းစားမယ်ဆိုရင် အတိတ်မှာဘာတွေဖြစ်ခဲ့တယ်၊ လက်ရှိ မှာ ဘာတွေ လုပ်ဆောင်နေကြတယ်၊ ဘာတွေဖြစ်နေကြတယ်ဆိုတာကို ဆက်စပ်စဉ်းစား ဆွေးနွေးကြဖို့ပဲဖြစ်ပါတယ်။ နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ် ကြားကာလကို ပြန်ကြည့်တဲ့အခါမှာ စာပေနဲ့ပတ်သက်တဲ့ အဖွဲ့ အစည်းပေါင်း(၂ဝ)ကျော်ခန့် ရှိခဲ့တာကို တွေ့ကြ ရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ စာပေလောကသားများဟာ မူလမှာ မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များနဲ့ အမျိုးသားရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ပေမယ့် နောက်ပိုင်းမှာတော့  နိုင်ငံရေးဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အုပ်စုစွဲ၊ ဂိုဏ်းဂဏစွဲတွေနဲ့ အရောင်ခြယ်ခံရမှုများကြောင့် သန်ရာ သန်ရာ အုပ်စုများ ကွဲသွား ကြပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သက်ဆိုင်ရာ အုပ်စုတိုင်း လိုလိုက မြန်မာစာပေနှင့် စာနယ်ဇင်းလောကအတွင်း ပုံနှိပ်ရေး၊ ထုတ်ဝေရေး၊ စာပေအဖွဲ့ အစည်းအားလုံးကို အပိုင်စီး လိုလာကြကာ အာဏာလုပွဲ၊ ဗိုလ်လုပွဲ တွေနဲ့ စာပေစစ်တလင်း ပုံစံဖြစ်ခဲ့ရပါတယ်။ အဲဒီလို အခြေအနေတွေေ ကြာင့် အဲဒီကာလများက စာပေလောက သားများဟာ တိုင်းပြည်နဲ့လူမျိုး အကျိုး၊ စာပေလောကအကျိုးကို တွင်တွင်ကျယ်ကျယ် မဖော် ဆောင်နိုင်ခဲ့သလို အမျိုးသားရေး ကိုလည်း ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ကြတာကို ယနေ့ တက်ရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများ အသိပဲဖြစ်ပါတယ်။ဒါကြောင့် အသင်းအဖွဲ့ အလိုက် ဖွဲ့စည်းဆောင်ရွက်ကြတဲ့အခါမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများပီပီ ပါတီနိုင်ငံရေး၊ ဂိုဏ်းဂဏကင်းသော၊ ပုဂ္ဂိုလ်စွဲကင်းသော စာပေလောက သားများ   ဖြစ်စေရေးကိုလည်း သတိပြုဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ အလားတူ  စစ်မှန်သော စတုတ္ထမဏ္ဍိုင်ဖြစ်စေဖို့ အသင်းအဖွဲ့အလိုက် ခိုင်မာတိကျသော မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကျင့်ဝတ်သဘောထားတွေကို အသေးစိတ် စနစ်တကျ ပြုစုရေးဆွဲသွားကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။   နိုင်ငံတော်အစိုးရအနေနဲ့လည်း စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာပေစာနယ်ဇင်းလောကကို လေးစားတန်ဖိုးထားကြောင်း၊ ယုံကြည် အားကိုးကြောင်းသဘောထားရပ်တည်ချက် ကို ဖွင့်ဟပြောကြားထားခဲ့ပြီးဖြစ်လို့ စာပေ စာနယ်ဇင်းလောကသားများအနေနဲ့ အရည်အချင်းပြည့်ဝသော၊ ကျင့်ဝတ်နှင့်ညီညွတ်သော၊ တိုင်းပြည်နှင့်လူမျိုးအကျိုးကို သယ်ပိုးဆောင်ရွက်သော စစ်မှန်တဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်လာအောင် ကြိုးပမ်းသွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ကြတဲ့အခါမှာ ဒီမိုကရေစီကို အောင်အောင်မြင်မြင် ကျင့်သုံးနိုင်ဖို့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်စသော မဏ္ဍိုင် ကြီး(၃)ရပ်ရှိပါတယ်။ ဒီမဏ္ဍိုင်တွေ တည့်မတ်နေဖို့အတွက် စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ စာပေ စာနယ်ဇင်းမဏ္ဍိုင်က ထိန်းကျောင်းပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီမှာ အရာရာကို အဆုံးအဖြတ်ပေး တဲ့ ပြည်သူဆိုသော မဏ္ဍိုင်ကြီးတစ်ရပ်လည်း ကျန်ရှိပါသေးတယ်။ ဒါကြောင့် ပြည်သူဆိုသော ပဉ္စမ မဏ္ဍိုင်ကိုလည်း အသိဗဟုသုတရှိဖို့၊ အကြောင်းအရာတစ်ခုကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့အတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာပေနှင့်စာနယ်ဇင်းမဏ္ဍိုင်အပြင် ကျန်တဲ့ မဏ္ဍိုင်တွေအားလုံးကပါ လုပ်ဆောင်ပေးကြဖို့ လိုအပ်မှာဖြစ်ေ ကြာင်း ပြောကြား လိုပါတယ်။
မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့၏ စီစဉ်ဆောင်ရွက်မှုများ
ဥက္ကဋ္ဌ၏ ဥယျောဇဉ်
၂ဝ၁၂ခုနှစ်အရေးပေါ် ညီလာခံသို့ တက်ရောက် လာကြသည့် ဗဟိုဦးစီးအဖွဲ့ဝင် ကိုယ်စားလှယ်ကြီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါသည်။ မျက်မှောက်ကာလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဆောင်ရွက်နေသည်နှင့် အညီ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ကြီး အနေဖြင့်လည်း ပြောင်းလဲနေသည့် အခြေအနေ အချိန်အခါနှင့် အညီ ပြုပြင်ဖွဲ့စည်းနိုင်ရန် ဤအရေးပေါ် ညီလာခံကို ခေါ်ယူရခြင်းဖြစ်ပါ သည်။ ဤကဲ့သို့ ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခြင်းဖြင့် ညီလာခံ ကိုယ်စားလှယ်ကြီးများ အပါအဝင် စာပေနှင့် စာနယ်ဇင်းသမား အားလုံးခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်ပေါ်ပြောင်းလဲ တိုးတက်ရေး အတွက် ထက်မြက်တက်ကြွစွာ ပါဝင်ဆောင်ရွက် နိုင်ကြပါစေကြောင်းကိုလည်း ဆန္ဒပြုဆုတောင်းအပ် ပါသည်။
လယ်တွင်းသားစောချစ်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့
ဗိုလ်တထောင်မြို့နယ် ကျောင်းပေါင်းစုံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆုပေးပွဲအခမ်းအနား ကျင်းပ
မြန်မာနိုင်ငံရှိ ကျေးရွာများ အားလုံးတွင် စာကြည့်တိုက်များ ထူထောင်ပြီးဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ကပြောသည်။ ၂ဝ၁၂ခုနှစ် ဇန်နဝါရီ၂၁ ရက် နံနက်ကရန်ကုန်မြို့ အထက(၆) ဗိုလ်တထောင် ကျောင်းခန်းမ၌ ပြုလုပ်သော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆုပေးပွဲ အခမ်းအနားတွင် အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ”ကျေးရွာအားလုံးမှာ စာကြည့်တိုက်တွေကို အားသုံး အားနဲ့ထူထောင် ခဲ့တာပါ။ နံပါတ်တစ်အားက နိုင်ငံတော်အား ၊ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရဲ့ဘဏ္ဍာ ငွေကြေးနဲ့ ပါဝင်ကူညီ ပူးပေါင်း   ဆောင်ရွက်ပါတယ်။ နံပါတ်နှစ်အားက ဒေသပြည် သူများရဲ့အားပါပဲ။ နံပါတ်သုံးအားက စေတနာရှင်ပြည်သူများရဲ့အား လို့ပြောလိုပါတယ်”ဟု ဝန်ကြီးက အမှာစကားတွင် ထည့်သွင်းပြော ကြားသွားသည်။ ထို့အပြင် ဝန်ကြီးက ကျေးရွာစာကြည့်တိုက်များ ပေါ်ပေါက်ရေး အတွက် နိုင်ငံတော်မှ ကျပ်ငွေ တစ်ဘီလျံနှင့်   စေတနာရှင် ဒေသခံ များ၏ ထည့်ဝင်အားမှာ ၁၄ ဒသမ၅ ဘီလျံရှိပြီး၊ ကျေးရွာစာကြည့်တိုက် များအား ရေရှည်တွင်E-Libraryများနှင့် Community Center များဖြစ်အောင် ဆက်လက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံရှိ စာကြည့်တိုက် များ ရေရှည်တည်တံ့ရေး အတွက် စာကြည့်တိုက်  ဖောင်ဒေးရှင်း တစ်ခုကို တည်ထောင် ထားသည်။ ဗိုလ်တထောင်မြို့နယ် အတွင်းရှိ ကျောင်းပေါင်းစုံပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေး ဆုပေးပွဲ အခမ်း အနားသို့ ပြန်ကြားရေးဝန်ကြီး ဌာနနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး   ဒေါ်စန်းစန်းနွယ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘ၊ ဆရာများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ပဉ္စမအကြိမ် အရေးပေါ်ညီလာခံ တက်ရောက်ကြမည့် ညီလာခံ ကိုယ်စားလှယ်များ အမည်စာရင်းပေးပို့နိုင်
ရန်ကုန် ဖေဖေါ်ဝါရီလ ၂၄
ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ အား ပြောင်းလဲဖွဲ့ စည်းရန်အတွက် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ၊ ပဉ္စမအကြိမ် အရေးပေါ်ညီလာခံကို ရန်ကုန်မြို့ တွင် ၂၀၁၂ခုနှစ် ၊ မတ်လ(၂၄)ရက် နေ့ ၌ ကျင်းပသွားမည်ဖြစ်သည်။ ယင်းအတွက် မြို့ နယ် စာပေနှင့်စာနယ်ဇင်း အဖွဲ့ များမှ ပဉ္စမအကြိမ် အရေးပေါ်ညီလာခံသို့ တက်ရောက်မည့် ညီလာခံ ကိုယ်စားလှယ်များ အမည်စာရင်းကို ရန်ကုန်မြို့ ၊ ကုန်သည်လမ်း၊ အမှတ်(၅၂၉)၊ စာပေဗိမာန်(ဒုတိယထပ်)၊ ကျောက်တံတားမြို့ နယ် ၊ ဖုန်း -၂၅၂၄၁၇၊ ၃၈၅၂၇၃ ရှိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ၊ ရုံးအဖွဲ့ မှူးထံသို့  စာဖြင့်ဖြစ်စေ၊ ကြေးနန်း(သို့ မဟုတ်) တယ်လီဖုန်းဖြင့်ဖြစ်စေ၊ (၂၀.၃.၂၀၁၂) နောက်ဆုံးထား၍ အမြန် ဆက်သွယ် သတင်းပေးပို့ ကြပါရန် နှိုးဆော်ထားကြောင်း သတင်းရရှိသည်။
‘ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု’ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးစီး
ဦးတင့်ဆွေ စာတမ်းဖတ်ကြားနေစဉ်
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့နှင့် စင်ကာပူ အခြေစိုက် အာရှမီဒီယာ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး ဗဟို အဖွဲ့တို့ ပူးပေါင်း စီစဉ်သည့် ဒီမိုကရက် တစ် လူ့ အဖွဲ့အစည်း တစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၃ဝ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်တွင် ကျင်းပ သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတ အကြံပေးပုဂ္ဂိုလ်များ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်းမှ ပညာရှင် များ၊ စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိ သူများနှင့် ပြည်တွင်းပြည်ပ မီဒီယာများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲ ပထမနေ့ ပထမ ပိုင်းတွင် Media related Laws Responding to the Internet Age ခေါင်းစဉ်အောက်ဝယ် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းမှ ပညာ ရှင်များ က စာတမ်းများ ဖတ်ကြား တင်ပြကြပြီးနောက် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးတင့်ဆွေကလည်း “Current Policy on Drafting Media Law” အမည်ရှိ စာတမ်းကို ဖတ်ကြား တင်ပြသည်။ မြန်မာနိုင်ငံတွင် မီဒီယာ ဆိုင်ရာ ဥပဒေများ ခေတ် အဆက်ဆက် ပြောင်းလဲလာပုံ တို့ကို တင်ပြဆွေးနွေးခြင်းဖြစ်သည်။
ထိုစာတမ်းဝယ် ယခု မူကြမ်း ရေးဆွဲထားသော မြန်မာနိုင်ငံ မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ထည့်သွင်းတင်ပြခဲ့သည်။ ယခု စီစဉ်နေကြသည့် မီဒီယာ ဥပဒေမှာ ပုံနှိပ် မီဒီယာ များအတွက်သာ ဖြစ်ပြီး ယင်းဥပဒေ ကြမ်းကို နိုင်ငံတော် ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း၊ ထို့နောက် ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက် တင်ပြ၍ အတည်ပြုချက် ရယူရမည်ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောကြားခဲ့သည်။ မီဒီယာ ဥပဒေ ကြမ်းတွင် အခန်း(၁ဝ)  ခန်းပါရှိရာ-
အခန်း(၁) အဓိပ္ပာယ်ဖွင့်ဆိုချက်များ
အခန်း(၂) စာရေးသူများနှင့် စာနယ်ဇင်းဆရာ များအတွက် ရပိုင်ခွင့်များ၊ တာဝန်များနှင့် ကျင့်ဝတ်များ၊ အခန်း(၃) စာအုပ် စာနယ်ဇင်း ထုတ်ဝေခြင်း ဆိုင်ရာ လိုက်နာရ မည့် အခြေခံ စည်းမျဉ်းများ၊ အခန်း(၄) စာပေ လွတ်လပ်ခွင့်နှင့် ကျင့်ဝတ်များ အကောင်အထည်ဖော်ရေး အတွက် စာနယ်ဇင်း ကော်မတီ၊ အခန်း(၅) ပုံနှိပ်၊ ထုတ်ဝေ ၊ ဖြန့်ချိသူများ မှတ်ပုံ တင်ခြင်း၊ အခန်း(၆) သတင်းစာများ၊ စာနယ်ဇင်းများ၊ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း၊ အခန်း(၇) ယခု ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ဆန့် ကျင် ကွဲလွဲခြင်းများ၊ အခန်း(၈) ပြည်တွင်းပြည်ပ ထုတ်ဝေ ဖြန့်ချိခြင်း၊ အခန်း(၉) ပြစ်ဒဏ်များ၊ အခန်း(၁ဝ) အထွေထွေ ပြဋ္ဌာန်းချက် များဟူ၍ အကြမ်းဖျင်း ပါရှိကြောင်း သိရ သည်။
”စာပေ စိစစ်ရေးက တာဝန်ရှိသူတွေ ဆိုတာဟာလည်း လူသားတွေ ပါပဲ။ သူတို့မှာလည်း လူ့ခံစားမှုနဲ့ လူ့ကျင့်ဝတ် ဆိုင်ရာ အမြင်တွေ ရှိတာပါပဲ။ သူတို့လည်း လွတ်လပ် မှုနဲ့ လွတ်လပ်စွာ တွေးခေါ် ပြောဆိုမှုတွေကို မြတ်နိုးတာပါပဲ။ ဒါပေမဲ့ သူတို့ တာဝန်ယူ ရတာက တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အောက်မှာလေ။ ဒီတော့ ကာ ဘေးချိတ်သင့်တာတွေ ကို ဘေးချိတ်ထားပြီး လုပ်ရလေ တော့ကာ လူဆိုးတွေ လိုဖြစ်လာ တော့တာပါပဲ။
အဲဒီ အခြေအနေတွေအောက်မှာ ဘယ်ဟာကမှားပြီး ဘယ်ဟာက မှန်တယ် ဆိုတာ ဘယ်သူမှမပြော နိုင်ဘူး။ အခု ဆွေးနွေးပွဲမှာလို မပြောရဲကြဘူး”ဟု ဦးတင့်ဆွေ၏ စာတမ်း တွင် ပါရှိသည်။ လွန်ခဲ့သော ခေတ်များက စာပေစိစစ်ရေး ဝန်ထမ်း ဘဝများကို ပြန်လည် ရည်ညွှန်း တင်ပြခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံမှ အိုင်ဝန် အာဝါလူဒင်က Laws, Ethics and Media Freedom in Indonesia after Reformation ဟူသည့် ခေါင်းစဉ်ဖြင့် စာတမ်းဖတ် ကြား တင်ပြရာတွင် ခေတ်ပြောင်းပြီး ကာလ အင်ဒိုနီးရှား နိုင်ငံ၏ မီဒီယာ ဆိုင်ရာ လွတ်လပ်မှုများ၊ မီဒီယာ ဥပဒေပါ အချက်အလက် များကို ပြည့်စုံစွာ ရှင်းလင်း တင်ပြသွား သည်။
”အင်ဒိုနီးရှား ပုံနှိပ်ဥပဒေ အမှတ် ၄ဝ။ ၁၉၉၉ ဟာ တစ်မူထူးပါတယ်။ ဥပဒေကြမ်း ရေးဆွဲချိန်မှာ ပြည်သူ တွေဟာ အဲဒီ ဥပဒေအသစ်ဟာ ဘယ်လို ဖြစ်သင့်တယ် ဘာတွေ ပါ သင့်တယ် ဆိုတာတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ အမြင်တွေ၊ အတွေးအကြံ တွေကို ပြောခွင့် တင်ပြခွင့် ရခဲ့တယ်”ဟု အာဝါလူဒင်က ပြောပါ သည်။
အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့ဝယ်  စာတမ်းရှင် ၁၁ ဦး စာတမ်းများ ဖတ်ကြား တင်ပြကြရာဝယ် မြန်မာ စာတမ်းရှင်များမှာ ဦးတင့်ဆွေ၊ ဦးသန်းလွင်ထွန်း (ဗွီအိုအေ မြန် မာ ပိုင်း ဌာနမှူး) နှင့် ဦးဇေယျသူ တို့ ဖြစ်ကြသည်။
အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ တွင် မီဒီယာ ဥပဒေကို အသေးစိတ် ဆွေးနွေး အကြံပြုကြသည်။ ၄င်းနောက် Capacity Development (စွမ်းရည် ဖွံ့ဖြိုး တိုး တက်ရေး) အတွက် သတင်းစာ သင်တန်းကျောင်း တည်ထောင် ဖွင့်လှစ်ရေးကို အသေးစိတ် ဆွေးနွေးကြပြီး၊ သင်တန်းကျောင်း ဖြစ်မြောက်ရေး ယာယီ ကော်မတီကို ဖွဲ့စည်း ကာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ (၃၁) ညနေပိုင်းတွင်ရုပ်သိမ်း ခဲ့သည်။
PN-002
ရွှေမန်းဆီသို့ စာပေခရီး
စာရေးသူသည် ရွှေမန်းဆီသို့ စာပေ ခရီးဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌကြီး ဦးလှ မြိုင် (ကိုဆောင်း) နှင့်အတူ လိုက်ပါခဲ့သည်မှာ ဆယ်စုနှစ်ခန့် ကြာခဲ့ ပြီ ဖြစ်သော်လည်း ယနေ့တိုင် မေ့မရ၊ သတိရနေဆဲ ဖြစ်ပါတယ်။ ယခုအခါ ဆရာကြီး ဦးလှမြိုင်မှာလည်း အသက်အရွယ် ကြီးရင့်လာခဲ့၍ ဥက္ကဋ္ဌ တာဝန်မှ အနားယူခဲ့ပြီး နာယက အဖြစ် ဆောင်ရွက်ဆဲဖြစ် ပါသည်။
၁၉၉၁ ခုနှစ်မှစ၍ ရန်ကုန်တွင် တာဝန် ထမ်းဆောင်ခဲ့ ရသဖြင့် ရွှေမန်းဆီသို့ မရောက်ဖြစ်ခဲ့သလို ဇာတိမြေ မြို့ရွှေဆည်ကိုလည်း မရောက်ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ရှိခဲ့ပါတယ်။
မန္တလေးမြို့သို့ ရောက်လျှင် နံနက် ၉ နာရီဖြစ်သော်လည်း မန္တ လေးမြို့၏ ဆောင်းတွင်း အအေးပို မှုနှင့်အတူ နှင်းမှုန်များကြားတွင် မန္တလေးမြို့ရှိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင် ဒေါက်တာ မောင်မောင် (မောင်ဆင်ခြင်)၊ မန္တ လေး (၅) မြို့နယ်မှ နာယက ဦးခင်မောင်ကြီး၊ မြို့နယ်စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင် များ လာရောက် ကြိုဆိုနှုတ်ဆက် ကြပါတယ်။
မန္တလေး မြို့နယ်များမှ စာပေ နှင့် စာနယ်ဇင်း အဖွဲ့ဝင်များ၏ စီ စဉ်ထားရှိမှုအတိုင်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ ဦးလှ မြိုင် (ကိုဆောင်း)၊ စာရေးသူ ဒေါက်တာ မောင်မောင်၊ မန္တလေး (၅) မြို့နယ်မှ မြို့နယ် စာပေနှင့် စာနယ်ဇင်း ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ နှင့်အတူ ရှေးဦးစွာ ချမ်းအေးသာဇံမြို့နယ်၊ (၈၄) လမ်း၊ လက်ဆယ်ကန် ရပ်နေ စာရေးဆရာမကြီး ဒေါ်အမာ (လူထု ဒေါ်အမာ) (၈၆) နှစ် (ယခု ကွယ်လွန်) အားလည်း ကောင်း၊ လမ်း (၈ဝ)၊ (၃ဝ/၃၁) လမ်းကြား)နေ စာရေးဆရာမကြီး ဒေါ်အုန်း (အမ်အေ ဒေါ်အုန်း) (၈၇) နှစ် (ယခု ကွယ်လွန်) အားလည်း ကောင်း၊ (၁၉)လမ်း၊ အမှတ် (၈)၊ ဒေါနပွားရပ်နေ စာရေးဆရာကြီး ဦးကြည်မြ (ကြည်မြ)  (၈၃) နှစ် (ယခုကွယ်လွန်) အားလည်းကောင်း၊ အောင်မြေသာစံ မြို့နယ်၊ မဟာဇေ ယျာဘုံရပ်နေ စာရေးဆရာမကြီး မြန်မာစာ ပါမောက္ခ (ငြိမ်း)၊ ဒေါ်ခင် စော (ပါမောက္ခ ဒေါ်ခင်စော) (၈၃) နှစ်အား လည်းကောင်း၊ စစ်ကိုင်းမြို့ မှ မန္တလေးမြို့ ကမ္မဝါတန်း ရပ်တွင် ရောက်ရှိနေသော သတင်းစာဆရာကြီး ဦးညွန့်ရင် (၈၄) နှစ် (ယခု ကွယ်လွန်) တို့အား တစ်ဦးလျှင် ငွေ (၅ဝဝဝဝိ/-) (ကျပ် ငါးသောင်းစီ) နှင့် စာအုပ်များ၊ မြန်မာ တိုင်းရင်း ဆေးဝါးများနှင့် အတူ အိမ်တိုင် ရာရောက် ကန်တော့ခဲ့ ကြပါ တယ်။
ဆက်လက်၍ ညနေပိုင်းတွင် ချမ်းအေးသာဇံ မြို့နယ်၊ ဒေးဝန်းအ ရှေ့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ရုံးခန်းတွင် မန္တလေး (၅) မြို့နယ်ရှိ စာပေနှင့် စာနယ် ဇင်း အဖွဲ့ဝင်များအားလုံးနှင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း ဥက္ကဋ္ဌ၊ ဗဟို အမှုဆောင်များနှင့် တွေ့ဆုံ ကျင်းပခဲ့ရာ အခမ်းအနားမှူး အဖြစ် မန္တလေးစာပေ အဖွဲ့ မှ ဒေါ်နုနုယဉ် (မေရှိရှား)မှ ဆောင်ရွက်ပါသည်။ ဗဟို အဖွဲ့ ဥက္ကဋ္ဌ ဦးလှမြိုင် (ကို ဆောင်း)က စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ရည်မှန်းချက် တာဝန်များ၊ ဦးတည်ချက် များကို အကောင်အထည်ဖော်ရေး၊ ရှေးလုပ်ငန်းစဉ်များ နှင့် ဗဟို မျက်နှာစုံညီ ကျင်းပမည့် အစီအစဉ် များကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အဖွဲ့ဝင်များ ၏ မေးမြန်း ချက် များကို ဗဟိုဥက္ကဋ္ဌ အမှု ဆောင်များက ဖြေကြား ရှင်းလင်းခဲ့ ပါတယ်။ မန္တလေး (၅) မြို့နယ်၏ စာပေခရီး မဂ္ဂဇင်းထုတ်ဝေရန် အတွက် မြန်မာနိုင်ငံ စာပေနှင့် စာနယ် ဇင်း အဖွဲ့ဗဟိုမှ ထောက်ပံ့ငွေကျပ် လေးသောင်းကို ဥက္ကဋ္ဌ ဦးလှမြိုင် (ကိုဆောင်း)မှ ဗဟိုအဖွဲ့ကိုယ်စား ပေးအပ်ရာ မန္တလေး (၅) မြို့နယ် နာယက ဦးခင်မောင်ကြီးက လက် ခံ ရရှိပြီး ကျေးဇူးတင် စကားပြန်လည်  ပြောကြားခဲ့ပါတယ်။
နောက်တစ်နေ့ နံနက်တွင် မန္တလေးမှ ကျောက်ဆည်မြို့သို့ ထွက်ခဲ့ကြရာ  ကျောက်ဆည်မြို့ အဝင် ကြက်မန်းတွန် ဂိတ်မှ ကျောက်ဆည်မြို့နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သန်းနှင့် အမှုဆောင်များက အသင့် စောင့်ကြိုနေကြပါသည်။ စာရေးသူ   ၏ ဇာတိချက်ကြွေ မွေးရပ်မြေ ကျောက်ဆည်မြို့သည် စာရေးသူ ငယ်စဉ် ကနှင့်မတူ အစစအရာရာ တိုးတက် ပြောင်းလဲနေသည်ကို မြင်တွေ့ရပါသည်။ ဆက်လက်၍ ကျောက်ဆည် မြို့နယ်ရှိ သတင်း စာဆရာကြီး ဦးသန်းထွန်း (၈၂) နှစ်ကို သွားရောက် ကန်တော့ကြ ပါသည်။ ဦးသန်းထွန်း နေအိမ်မှာ ပင် အသင့်ရှိနေကြသော ကျောက်ဆည် မြို့နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင်များနှင့် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အ မှုဆောင်များ ဆွေးနွေးပွဲ ကျင်းပခဲ့ ကြပါတယ်။ ဥက္ကဋ္ဌ ဦးလှမြိုင် (ကိုဆောင်း)က စာပေနှင့် စာနယ်ဇင်းသမားများ တာဝန်နှင့် ရှေးလုပ်ငန်း စဉ်များကို ရှင်းလင်း မှာကြား ခဲ့ပါသည်။ မြို့နယ်စာပေနှင့် စာနယ် ဇင်းအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးရေးဆွဲသော မြဝတီမင်းကြီး ဦးစပုံကို စာပေ နှင့် စာနယ်ဇင်း ဗဟိုတို့သို့ လှူဒါန်း ခဲ့ပါတယ်။ စာရေးသူ ၏ ဆွေမျိုးရင်း ချာများ၊ သူငယ်ချင်း မိတ်ဆွေ ငယ်ပေါင်းများနှင့် ငယ်စဉ်က အကြောင်းများ အားရပါးရ ပြောဖြစ်ကြ၍ အသက်ပင်ငယ် သွားသည်ဟုပင် မှတ်ယူမိ ပါတယ်။
အပြန် ခရီးတွင် ကျောက်ဆည် မြို့အထွက်၌ တည်ရှိသော ဆုတောင်းပြည့် စေတီတစ်ဆူ ဖြစ်သည့် ရွှေသိမ်တော် စေတီတော်ကြီးကို လည်း ဖူးမျှော်ကြည်ညိုခွင့် ရရှိခဲ့ ရာ ဂေါပကအဖွဲ့ဝင်များမှ ရှင်းလင်း ပြော ကြားခဲ့၍ စေတီတော်ကြီး၏ ဆု တောင်းပြည့်ပုံကို သိရှိခဲ့ရပါတယ်။
မန္တလေးမြို့သို့ ပြန်ရောက်ပြီး နောက်တစ်နေ့တွင် ရန်ကုန်မြို့သို့ ပြန်ခဲ့ကြပါသည်။ ဥက္ကဋ္ဌ ဦးလှမြိုင် (ကိုဆောင်း)နှင့် စာရေးသူတို့၏ စာပေ ခရီးစဉ်သည် အချိန် တိုတောင်းလှ သော်လည်း မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်မြို့များမှ အသက် (၈ဝ) ကျော် စာရေးဆရာကြီး၊ ဆရာမကြီးများကို အိမ်တိုင်ရာရောက် စာပေနှင့် စာနယ် ဇင်း ဗဟို အဖွဲ့ကိုယ်စား ကန်တော့ခဲ့ခြင်း၊ မြို့ နယ်စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင် များနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ခြင်း စသည့် စာပေတာဝန်များ ဆောင် ရွက်နိုင် ခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံ များတွင် မည်သည့် နိုင်ငံတွင်မှ မရှိသေးသော စာဆို တော်နေ့နှင့် သက်ကြီးစာပေ ပညာ ရှင်များကန်တော့ပွဲသည် မြန်မာနိုင်ငံ ၌ နှစ်စဉ် နိုင်ငံတော်အစိုးရမှ ကြီး မှူးကျင်းပပေးလျက်ရှိရာ မြန်မာနိုင်ငံ သားတစ်ဦးအနေနှင့် ဂုဏ်ယူမိပါ သည်။
သက်ကြီးစာပေပညာရှင်များ သည် စာပေပညာသတင်းစာပညာ တို့ဖြင့် တိုင်းကျိုးပြည်ပြုဆောင် ရွက်ခဲ့ကြရာ ယခုအခါ အသက် ၈ဝ ကျော် အိုမင်းမစွမ်းဖြစ်ချိန်တွင် အိမ်တိုင်ရာရောက် သွားရောက် ကန်တော့ခဲ့ရာ၌ ဤသက်ကြီး စာပေ ပညာရှင်ကြီးများက နိုင်ငံတော် အစိုးရနှင့် အလှူရှင် များအား ဆုမွန် ကောင်းတောင်းပေး ကြသည် ကို မြင်ခဲ့ကြားခဲ့ ရ၍ စာရေးသူ ဖတ်ဖူးမှတ် ဖူးခဲ့သော အင်းဝခေတ်မှ စာဆိုရှင် မဟာရဋ္ဌသာရ၏ တပည့်ဖြစ်သူ စာဆို အကျော်အမော် ရှင်တေဇောကာ ရ၏ ”ဓတရဋ္ဌ သုဝဏ္ဏဟံသပျို့” မှ ပညာရှင်များအား ချီးမြှောက် ပူဇော် သင့်ပုံကို စာဖွဲ့ခဲ့သော အောက်ပါ အပိုဒ်ငယ်ကို သတိရမိပါတယ်-
”နှစ်ခြိုက် ချစ်ကြည်၊ အရည်အလျောက်၊ သူကောင်း မြှောက်၍၊ လက်အောက်သိမြင် ကြီးရာတင်သည် တင်ရသို့” ဟု
ယနေ့ နိုင်ငံတော် အစိုးရသည် စာပေပညာရှင်များကို ထိုက်တန်သော အမျိုးသားစာပေဆုများ ချီးမြှင့်ပေးနေသလို စာပေနှင့် အကျိုး ပြုခဲ့သော စာပေ ပညာရှင်ကြီး များ ကိုလည်း နှစ်စဉ် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးလျက် ရှိပါတယ်။ ထို့ပြင် ပုဂ္ဂလိက စေတနာရှင်ကြီးများ ဖြစ်သော ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေ ဆု၊ ဒေါက်တာ တင်ထွန်းဦး (သုတစွယ် စုံစာပေဆု)၊ ဆရာဝန် တင်ရွှေ (ဆရာဝန်ရွှေ စာပေဆု)၊ ဦးသိန်းထွန်း (ထွန်းဖောင်ဒေးရှင်း စာပေဆု) စသည့် စာပေဆု များ ပေါ်ထွန်းလာ လျက်ရှိခဲ့ပါတယ်။
ယခုအခါ ပြည်သူများ အတည်ပြု ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူလူထု များ၏ ဆန္ဒမဲဖြင့် တင်မြှောက်ခဲ့ သောသမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့နှင့် ပြည်သူ့ ကိုယ်စားလှယ် လွှတ်တော်ကြီး (၄) ရပ်မှ ”စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” နိုင်ငံတော်ကြီး အဖြစ် ခပ် သွက်သွက် ပြုပြင်ပြောင်းလဲရေးများ ကို ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ကြီးကလည်း ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်) ဦးဆောင်ကာ နိုင်ငံတော် အစိုးရ၏ ခေတ်သစ် စနစ်သစ်သို့ အရှိန် အဟုန် မြှင့် ပြောင်းလဲ တည်ဆောက်နေမှု နှင့် ကိုက်ညီမည့် ”စာပေလောကသား များအတွက် စာပေ အကျိုး၊ တိုင်းပြည်အကျိုး ဖော်ဆောင် ရေးသား ပါဝင်နိုင်မည့် အဖွဲ့ အစည်းကြီး” အဖြစ် တစ်စုတစ်စည်း တည်း ရပ်တည်နိုင်အောင် ဖွဲ့စည်းပုံစည်းမျဉ်း အသစ်များ ရေးဆွဲကာ ဆောင်ရွက် လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။
ခင်မောင်ထွန်း (လမ်းမတော်)
ဗိုလ်တထောင်မြို့နယ် ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်
ဗိုလ်တထောင်မြို့ နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇန်န၀ါရီလ ၁၈ရက်၂၀၁၂ရက် နံနက် ၉နာရီ တွင် တစ်ကြိမ်၊ မွန်းလွဲ ၁နာရီတွင်တစ်ကြိမ် အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၅) ဗိုလ်တထောင်မြို့ နယ်တွင် ကျင်းပခဲ့ကြောင်း
ဆရာဦးတင်လှိုင် (လယ်တွင်းသားစောချစ်) မတော်တဆမှု စိုးရိမ်စရာမရှိ
မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဌ ဆရာဦးတင်လှိုင် (လယ်တွင်းသား စောချစ်) သည် (15.1.2012)နေ့ ကော့သောင်း မြို့ စာပေဟောပြော ပွဲမှ အပြန် ရန်ကုန်   လေဆိပ်တွင် လူတစ်ဦး နှင့် မတော်တဆ တိုက်မိကာ ချော်လဲခဲ့ပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပါသည်။ ထိုဒဏ်ရာကို ၀ိတိုရိယ ဆေးရုံ ကြီးတွင် ကုသမှုခံယူလျက် ရှိ ရာ (16.1.2012)တွင် မြနမာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဗဟိုမှုဆောင် ကော်မတီဝင်များ သွားရောက်၍ အားပေး မေးမြန်းခဲ့ကြသည်။