မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ပဉ္စမအကြိမ်ညီလာခံ ကျင်းပပြီးစီး
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ပဉ္စမအကြိမ်ညီလာခံအား ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ခန်းမတွင် မေလ ၁၆၊ ၁၇ ရက်များက ကျင်းပပြုလုပ် ခဲ့ရာ မေလ ၁၆ ရက် နံနက် ၉ နာရီတွင် ကျင်းပသော ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအတွင်းရေးမှူး(၁) တက် ရောက်အမှာစကား ပြောကြားချီးမြှင့် ပြီး နိုင်ငံတော်အစိုးရဝန်ကြီးများ လည်း တက်ရောက်ခဲ့ကြောင်း သိရ သည်။
ယင်းညီလာခံ၏ ပထမဆုံးနေ့ နံနက်ပိုင်းအစီအစဉ်၌ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်း က မေလ ၁၅ ရက်၌ စတင်ထူထောင် ခဲ့သော ကျေးရွာစာကြည့်တိုက် ဖောင်ဒေးရှင်းဖွဲ့စည်းထူထောင်ရခြင်း နှင့် အကျိုးကျေးဇူးများ ရှင်းလင်း ပြောကြားသွားခဲ့ပြီး နောက်ပိုင်း၌ ညီလာခံသို့ တက်ရောက်လာကြ သော ပြည်နယ်နှင့်တိုင်းအသီးသီး က ညီလာခံကိုယ်စားလှယ်များမှ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရ သည်။ ထို့နောက် ညီလာခံ၏ ဒုတိယနေ့နှင့် နောက်ဆုံးနေ့ဖြစ် သည့် မေလ ၁၇ ရက်တွင်ပဉ္စမအကြိမ် ညီလာခံ၏ဆုံးဖြတ်ချက်၊ အတည်ပြုချက်နှင့် မှတ်တမ်းတင် ခြင်းတို့ကို တက်ရောက်လာကြ သော ညီလာခံကိုယ်စားလှယ်များ ထံမှ အတည်ပြုချက်ရယူခဲ့ကြပြီး စတုတ္ထအကြိမ်ညီလာခံ သက်တမ်း မှ ဥက္ကဋ္ဌဦးလှမြိုင်နှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီများ နုတ်ထွက် ကြောင်း ကြေညာခဲ့ကြသည်။ အဆိုပါညီလာခံ နောက်ဆုံးနေ့၏ နေ့လယ်ပိုင်းအစီအစဉ်များ၌ ပဉ္စမအကြိမ်ညီလာခံသက်တမ်း ဗဟိုအမှု ဆောင်ကော်မတီသစ် ရွေးချယ် တင်မြှောက်ပွဲအား ဆက်လက်ကျင်း ပရာ ညီလာခံကိုယ်စားလှယ်များက လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရွေး ချယ်ခဲ့ကြောင်း သိရသည်။ ယင်း ညီလာခံ၌ ရွေးချယ်တင်မြှောက်ခြင်း ခံရသော ဗဟိုကော်မတီဝင်အသစ် များက ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါကတာကျော်စိန်အမှူးပြုသည့် သဘာ ပတိများ ရှေ့မှောက်တွင် ကတိ သစ္စာခံယူခဲ့ကြောင်း သိရသည်။ ပဉ္စမအကြိမ် စာပေနှင့်စာနယ်ဇင်း အဖွဲ့ ညီလာခံသက်တမ်း၌ တာဝန် ယူဆောင်ရွက်ကြမည့် ဗဟိုအမှု ဆောင်ကော်မတီအဖွဲ့သစ်တွင် ဥက္ကဋ္ဌဦးတင်ခ(တက္ကသိုလ်တင်ခ) အပါအဝင် ကော်မတီဝင် ၃၁ ဦး ပါဝင်ကြောင်း သိရသည်။
ညီလာခံပြီးစီးသည့် အဆိုပါ နေ့ ညပိုင်း၌ ညီလာခံသို့ တက် ရောက်လာကြသည့် စာပေပညာ ရှင်များနှင့် ကိုယ်စားလှယ်များအား ကရဝိက်နန်းတော်၊ ဥတ္တရခန်းမတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းခဲ့ ကြောင်းလည်းသိရပါသည်။









good news for all writers
we can contact of more and any time.
thank for comiette
i am congradulation of chairman col tin kha
see you